
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းညွှန့်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ၂၈-၁၀၂၀၁၇ ရက်စွဲဖြင့်တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတည်ပြုမိန့် (တနတ-၀၀၃/၂၀၁၇) ဖြင့် ဆောင်ရွက်နေသော DAWEI BEAUTY Co.,Ltd ၏ DAWEI BEAUTY HOTEL သို့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် တည်ဆောက်ရေး ကာလသက်တမ်းတိုးရန်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ခရီးသွားကာလတွင် ထားဝယ်ခရိုင်အတွင်း အခန်းလိုအပ်ချက် များပြားလှသဖြင့် လုပ်ငန်းအားအလျင်အမြန် အကောင်အထည်ဖော်ရန်နှင့် လိုအပ်သည့် အချက်များအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
