DEEP PROCESSING TRANSIT စနစ်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

Myanmar Pou Chen Co.,Ltd မှ ပြည်တွင်းရှိ CMP ကုမ္ပဏီ အချင်းချင်း ကုန်ချော တဝက်တပျက်များ သယ်ယူသည့် (Deep Processing Transit) စနစ်ဖြင့် ခွင့်ပြုပေးပါရန် တင်ပြ လာခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့  နေ့လည် ၁:၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ CMP ကြီးကြပ် ရေးကော်မတီ နှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်   Myanmar Pou Chen Co., Ltd မှ ဒါရိုက်တာများ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။