
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် Myanmar Centre for Responsible Business (MCRB) တို့ ပူးပေါင်း၍ Dos and Don’ts for Businesses Guide စာစောင် ထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး ၊ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ ညွန်ကြားရေးမှူးများ နှင့် MCRB မှ ဒါရိုက်တာ , မန်နေဂျာ နှင့် အရာရှိများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အစည်း အဝေး တက်ရောက်လာသူများ နှင့် MCRB မှ တာဝန်ရှိသူများ စာစောင်တွင် ထည့်သွင်းဖော်ပြရန် နှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားကြပါသည်။
အဆိုပါ Dos and Don’ts Businesses Guide သည် နိုင်ငံခြားသား လုပ်ငန်းရှင်များအတွက် မြန်မာ့ဓလေ့ထုံတမ်းအစဉ်အလာများကို ပိုမိုနားလည်စေရန်နှင့် လိုက်နာနိုင်စေရန် ရည်ရွယ်၍ ပြုစုတင်ပြခြင်းဖြစ်ပါသည်။
