
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ယုဇန အအေးခန်းစက်ရုံသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဌေးဝင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဌေးတို့မှ ကြိုဆိုကြပြီး ၊ တာဝန်ရှိသူများက လက်ရှိပုဇွန်မွေးမြူရေး လုပ်ငန်းတိုးတက်မှုအခြေအနေ၊ အအေးခန်းစက်ရုံမှ ပုစွန်များ Cold Storage အဆင့်ဆင့် ပြုလုပ်ပုံ၊ နိုင်ငံခြားသို့ လစဉ်တင်ပို့မှု အခြေအနေ၊ နိုင်ငံတကာဈေးကွက် အခြေအနေနှင့် ထပ်မံတိုးချဲ့ ထုတ်လုပ်နှိုင်မှု အခြေအနေများကို တင်ပြခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ နည်းပညာများ အသုံးပြု၍ အသားတိုးမွေးမြူခြင်း၊ သားဖောက်ခြင်းနှင့် Cold Storage ပြုလုပ်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းကို တိုးမြှင့်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


