PROJECT TO IMPROVE EXTERNAL SECTOR STATISTICS (ESS) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ Bank of Thailand တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပသော  Project to improve External Sector Statistics (ESS) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသည် External Sector Statistics စီမံကိန်းအရ ထွက်ပေါ်လာသော ရလဒ်များအပေါ် အခြေခံပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ စာရင်းအင်းပြုစုသူများအား ဆက်လက် နည်းပညာအကူအညီ ပေးသွားမည့် စီမံကိန်းပါအကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။