
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ဖြင့် ငွေစုစာအုပ်၊ ချက်စာအုပ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၆၁၊ မြေတိုင်းရပ်ကွက်အမှတ်- အပိုင်း ၃၊ စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Deco- TBSP Special Products Company Limited သို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင်သွားရောက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ငွေစုစာအုပ်၊ ချက်စာအုပ်များထုတ်လုပ်နေမှုအခြေအနေ၊ ပြည်တွင်းဖြန့်ဖြူး ရောင်းချမှုအစီအစဉ်နှင့် လုပ်သားများလေ့ကျင့်ခန့်ထားမှုအခြေအနေများကို တင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် စျေးကွက်ရရှိနိုင်ရေး တို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
