
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး စိုက်ပျိုးရေးမျိုးစေ့များ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက် လျက် ရှိသည့် ကွင်းအမှတ်(၅၁၁-ခ) (၅၁၉-က)၊ညောင်နှစ်ပင်ကျေးရွာအုပ်စု၊မှော်ဘီမြို့နယ်နှင့် ကွင်းအမှတ် (၉၈၇)၊ကြာအင်းအုပ်စု ၊ကွင်းအမှတ်(၉၇၇) ၊ကလီထော်အနောက် ကျေးရွာ အုပ်စု ၊လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ East-West Seed (Myanmar) Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန နှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေအနေ ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု အခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။