
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (GIZ) ၏ ပံ့ပိုးမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနား”အား ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက် (တနင်္လာ) နေ့တွင် မုံရွာမြို့၊ တော်ဝင် ကျောက်စိမ်း ဟိုတယ်၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့် အမှာစကား ပြောကြားပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီများမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၈၁) ဦးခန့် တက်ရောက် ဆွေးနွေး ခဲ့ကြပါသည်။
