
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ Public Relation Team အဖွဲ့ဝင်များအနေဖြင့် Public Relation ဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်နိုင်ရန်နှင့် နောင်အနာဂါတ် ဆောင်ရွက်ချက်များ အတွက် PR နည်းဗျူဟာများကို ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ GIZ (Myanmar) ၏ အကူအညီဖြင့် Public Relation (PR) Training အား ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Reno Hotel တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ Public Relation Team အဖွဲ့ဝင် ဝန်ထမ်း (၂၀) ဦး တက်ရောက်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဆက်လက်ပြုလုပ်မည်ဖြစ်ပါ သည်။
