
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖွဲ့စည်းထားသော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် မြေကွက်အမှတ် (၅၇၊၅၈)၊ မြေတိုင်းရပ်ကွက်အမှတ်(၁၁၃)၊ ဒဂုံအရှေ့စက်မှုဇုန်၊ ဒဂုံ (အရှေ့)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ TPBI & Myanmar Star Co., Ltd. သို့ ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါသည်။ မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားဦးစီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပါသည်။ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ (၃)လပတ် အစီရင်ခံစာများ၊ စက်ပစ္စည်းတပ်ဆင်ထားမှုများ၊ အလုပ် သမားခန့်ထားမှုများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များအား ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဆောင်သည့်အဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးခဲ့ကြပါသည်။
