INVESTMENT INSIDE OUT ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကျင်းပခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောဂ ဗေဒအသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ Investment Inside Out ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘောဂဗေဒအသင်းမှ ပညာရှင်များ ဟောပြောဆွေးနွေးပွဲအား ၂၀၁၈ခုနှစ် ဧပြီလ ၇ရက် (စနေနေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့ပါသည်။