MBK COMPANY LIMITED သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ခွင့်ပြုမိန့်အမှတ်(ရကတ-၀၁၈/၂၀၁၇) ဖြင့် သွပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း ဆောင်ရွက်လျှက်ရှိသည့် မြေကွက်အမှတ်-၂၄၁/၂၊ မြေတိုင်း ရပ်ကွက်အမှတ်- ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ MBK Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု၊ ပြည်တွင်းပြည်ပ ဝန်ထမ်းခန့်ထားမှုအခြေအနေ၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ၂၀၁၈ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။