ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား VIDEO CONFERENCING စနစ်ဖြင့် ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၇/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို အတည်ပြု ပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး နှင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။ 

အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၂.၆၅၀ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၂) ခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၆၀၇ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၉) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ