
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် များအတွင်း လုပ်ငန်းဆောင်ရွက်နေသော Pioneer Special Poly Bag Industrial Co., Ltd.၊ Enatic Automotive Co., Ltd.၊ Asia General Electric Co., Ltd.၊ Myanmar Kingtong Bags Co., Ltd နှင့် Fook Hing Paper Packaging Limited များသို့ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက် များဖြစ်သည့် စက်ရုံ၊အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များအား လိုက်နာဆောင်ရွက် ထားရှိမှု အခြေအနေကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။