
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန နှင့် GIZ တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ အခွင့်အလမ်းများစွာကို ဖော်ပြထားသည့် “The Socio-Economic Atlas of Myanmar”စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။
အဆိုပါ စာအုပ်တွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများထံသို့ အသုံးဝင်မည့် သတင်း အချက်အလက်များ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တက်လာစေရန်အတွက် The Socio-Economic Atlas of Myanmar တွင် မြန်မာနိုင်ငံ၏ ရေမြေအနေအထား၊ လူဦးရေ၊ ရာသီဥတု၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး ကဏ္ဍအသီးသီးနှင့် စပ်လျဉ်း၍ မြေပုံများ၊ အကျဉ်းချုံး ဖော်ပြချက်များစသည့် အချက်အလက်ပေါင်းများစွာကို ထည့်သွင်းဖော်ပြ ထားပါသည်။
အဆိုပါThe Socio-Economic Atlas of Myanmar”စာအုပ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး၌ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၀ အား ငွေသားဖြင့် ပေးချေ ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်ရန် :
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနခွဲ
ဖုန်း၀၁-၆၅၈၁၃၂
အီးမေးလ် dica.ip.mm@gmail.com, dica@mptmail.net.mm