
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ယာယီခွင့်ပြုမိန့်ဖြင့် နိုင်ငံတကာအဆင့်မီ အနောက် တိုင်း ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Silver Shine International Co., Ltd. သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် ဦးဆောင်၍ မြန်မာ့ဆေးဝါး လုပ်ငန်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ထုတ်လုပ်မှု အခြေ အနေစသည်များကို ၂၀၁၈ ခုနှစ်၊ မတ် ၂၉ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။