စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၀) အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို video conferencing စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရာခိုင်နှုန်းပြည့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုမှ တင်ပြလျှောက်ထားလာသည့် လုပ်ငန်းဆောင်ရွက်မည့် မြေအား အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်ရမည့်အစီအစဉ်များ ဆွေးနွေးခဲ့ ပါသည်။