
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၅/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် နှင့် အဖွဲ့ဝင် (၄) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးမှ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အတည်ပြု လျှောက်ထားလွှာ (၂) ခုကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၄၀၃၂.၈၄ သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်း ၁၁၅ နေရာ ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။