
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သော အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ “Leaders of Textile Public Company Limited” မှ စီးပွားဖြစ် စတင်သည့်နေ့အား သတ်မှတ်ပေးပါရန်နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ခံစားခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စနှင့် စပ်လျဉ်း၍ Video Conferencing စနစ်ဖြင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။