
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာဥရောပကုန်သည်ကြီး များအသင်းတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာဥရောပ ကုန်သည်ကြီးများအသင်းမှ Executive Director ဖြစ်သူ Ms Karina Ufert တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပြီး နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာသည် မြန်မာနိုင်ငံတွင်တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် ရေရှည်တည်တံ့သော စီးပွားရေးပတ်ဝန်းကျင်တစ်ခုဖန်တီးခြင်းကို အထောက် အပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။
အဆိုပါအခမ်းအနားတွင် EuroCham Myanmar က ထုတ်ဝေသည့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကြံပြုချက်များ (White Book 2020)အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးအပ်ခဲ့ပါသည်။

