
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် များ ပါဝင်သော အဖွဲ့သည် လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်ရှိ ပရိဘောဂနှင့် တပ်ဆင် ခြင်းပစ္စည်းများ၊ အခန်းတွင်း အလှဆင် ပစ္စည်းများအား ထုတ်လုပ်ခြင်း ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းနှင့် အစားအစာ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်နေသော Trends Design Furnishing Co., Ltd. , Myue & Sue Garment Manufacturing Co., Ltd. နှင့် Unilever (Myanmar) Ltd. များ၌ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် Video Conferencing အသုံးပြု၍ စိစစ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။