
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် များ ပါဝင်သော အဖွဲ့သည် ရွှေပြည်သာ မြို့နယ် နှင့် လှိုင်သာယာမြို့နယ် အတွင်းရှိ CMP စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသော Myanmar Solamoda Garments Company Limited, Shweyi-Zabe Garment Manufacturing Company Limited, Jiangusu Soho (Myanmar) Industry Company Limited and Oli-Tex Myanmar Limited များ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Coronavirus Disease 2019(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် Video Conferencing အသုံးပြု၍ စိစစ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။