
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ ၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ဗီယက်နမ်၊ ကိုရီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ သံ၊ အလူမီနီယံနှင့် Galvanize Iron အခြေခံသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း နှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ပါသည်။
အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၆.၉၀၄ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၃) ခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၂၇၉ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၃) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ