
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၀၉:၀၀ ချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ် နှင့်တိုင်းဒေသကြီး၊ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲတာဝန်ခံများသည် သက်ဆိုင်ရာ နေရာအသီးသီးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
ရှေးဉီးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး တစ်နှစ်တာ ပတ်လုံး ရုံးတက်မှန်ကန်ဆု၊ ဝန်ထမ်းစံပြဆု (အရာထမ်းနှင့် အမှုထမ်း)၊ စည်းကမ်းအကောင်းဆုံးဆု၊ သန့်ရှင်းရေး အကောင်းဆုံးဆု၊ နည်းပြအကောင်းဆုံးဆု၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်း ဆောင်ရွက်ချက် အကောင်းဆုံးဆုစသည့် ဆုအမျိုးအစားပေါင်း ၁၃ ခုကိုကြေညာပေးခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲတာဝန်ခံများ၏ တင်ပြချက်များကို ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်သုံးသပ်တင်ပြခဲ့ကြပါသည်။
သုံးသပ်တင်ပြမှုများအပေါ် ညွန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်လမ်းညွှန်ကာ အစည်းအဝေးကိုနေ့လည် ၁၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။




