ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်  အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ် ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာခက်အောင် အပါ အဝင် ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်၍ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ မှ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ သည့်  အစီရင်ခံစာများကို ဆွေးနွေးခဲ့ကြပါသည်။