ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁၈/၂၀၁၉) အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ  ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှု ကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ british Virgin Island နှင့် UK နိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁) ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုတို့ကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၂.၃၅၂ သန်းနှင့် ကျပ် ၈၀၀.၀၀၀ သန်းဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၁၂)ခုတို့မှ  ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၆၂၆၁  ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။