
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ကျောင်းသူ/ကျောင်းသားများအား လုပ်ငန်းသဘောတရားများကိုနားလည်ပြီး အလုပ်ခွင်တွင် အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းကျွမ်းကျင်ရန်၊ ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရန် ရည်ရွယ်ဖွင့်လှစ်သည့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးသင်တန်း အမှတ်စဉ်(၃)၏ သင်တန်းဆင်းပွဲ အခမ်း အနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန် (ရုံးချုပ်)၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးပြုလုပ်ခဲ့သည့် ကျောင်းသားများ အပါအဝင် စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။
