
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၇)ကို ၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၉) ခု ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၄၈၁.၂၄၂ သန်း နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှု လုပ်ငန်းပေါင်း (၁၂) ခု ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ ၁၇၅.၃၇၃ သန်း အပါအဝင် ကျပ် ၃၄၅,၉၂၉.၀၅၃ သန်း ခွင့်ပြုပေးခဲ့ ပါသည်။