
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ပြုစုခြင်းနှင့် ပြန့်ပွားခြင်းဆိုင်ရာ နည်းပညာ အထောက်အပံ့ပေးမည့် အဖွဲ့တွင် ပါဝင်သည့် IMF TAOLAM ၏ Resident Advisor ဖြစ်သူ Mr. Fernando Lemos နှင့် IMF Statistics Department ၏ Expert ဖြစ်သူ Mr. Amila Wijayawardhana တို့နှင့် ရုံးချုပ်ရှိ စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲ ညွှန်ကြား ရေးမှူး ရုံးခန်း၌ ယနေ့ နံနက် ၉ း ၀၀ နာရီတွင် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၇ ခုနှစ် ဇွန်လ /ဇူလိုင်လတွင် ပြုလုပ်ရန် ရည်ရွယ် ထားသည့် FDI Survey နှင့် အနာဂတ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ပြုစုခြင်းနှင့် ပြန့်ပွားခြင်းဆိုင်ရာနည်းပညာ အထောက်အပံ့များ ဆက်လက်ရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ပါသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ချမှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ စာရင်းအင်း စံနှုန်းများ နှင့် ကိုက်ညီစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသည် လက်ရှိ အချိန်၌ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများ အဆင့်မြှင့်တင်ရန် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။