
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် စတုတ္ထအကြိမ်မြောက် အိုအီးစီဒီ-အရှေ့တောင်အာရှ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာကနဦးဆောင်ရွက်မှုအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်လျက်ရှိပြီး အဆိုပါအစည်းအဝေး၏ ဒုတိယမြောက်နေ့ဖြစ်သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားသူအဖြစ် ပါဝင်ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ပြောင်းလဲမှုများကို ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်သူများအနေဖြင့် ဆွဲဆောင်မှုရှိသော ရင်းနှီး မြှုပ်နှံမှုဝန်းကျင်နှင့် ငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒများကို မျှဝေဆွေးနွေးနိုင်မည်ဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများကိုပါ သိရှိနိုင် မည်ဖြစ်ပါသည်။


