
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော CMP စနစ်ဖြင့် အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် -၇၊၈၊ ဦးမြူလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် ၆၅(စက်မှု)၊ ရွှေပြည်သာစက်မူဇုန်(၄)၊ ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Best Hubo Co., Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှုအခြေအနေ၊ စီးပွားဖြစ်စတင်ဆောင်ရွက်ပြီးအခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ လုံခြုံမှုအထောက်အထားလက်မှတ်နှင့် မတည်ငွေ ထည့်၀င်မှု အခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။