
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရာသီပွဲတော်အလိုက် လှူဒါန်းကုသိုလ်ပြုကြတဲ့ ဓလေ့ထုံးစံအတိုင်း၂၀၁၇ ခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက်အကြို စတုဒီသာကျွေးမွေးပွဲအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနတွင် ဧပြီလ ၇ ရက်နေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
စတုဒီသာ ကျွေးမွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဌာနခွဲအလိုက် အစားသောက်မျိုးစုံဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။
အဆိုပါ စတုဒီသာကျွေးမွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်သည့် ဧည့်သည်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲပြီး အခမ်းအနားကို မန်းတောင်ရိပ်ခို သီချင်းဖြင့် ပိတ်သိမ်း ခဲ့ပါသည်။





