ဌာန၏ (၂၆) နှစ်မြောက် နှစ်ပတ်လည်နေ့ ဝန်ထမ်းမိသားစုများညစာစားပွဲ အခမ်းအနားကျင်းပပြုလုပ်

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းများ တစ်နှစ် တာအတွင်း စွမ်းဆောင်မှုများကို ဂုဏ်ပြုရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံး ညီညွှတ်မှုပိုမိုအားကောင်း လာစေရန်နှင့် ပြည်သူများသို့ ပိုမိုထိရောက်သော ဝန်ဆောင်မှု များ ပေးနိုင်စေရန် ရည်ရွယ်၍ ဌာန၏ (၂၆) နှစ်မြောက် နှစ်ပတ်လည် ဝန်ထမ်း မိသားစု ညစာစားပွဲကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့မှ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ထူးချွန် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အစီအစဉ် များ၊ ဖျော်ဖြေရေး အစီ အစဉ်များဖြင့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ဝန်ထမ်းမိသား စုများမှ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ ဝန်ကြီးဌာန များမှဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ဌာနမှ အငြိမ်းစားယူသွားကြသည့် ဝန်ထမ်းဟောင်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ ကြပါ သည်။