
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၏ (၂၆) နှစ်မြောက် ငွေရတုဌာန နှစ်ပတ်လည်နေ့ နေ့ဆွမ်း ဆက်ကပ် ခြင်းအခမ်းအနားကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက် ကြည်ညို ခဲ့ကြပါသည်။
အခမ်းအနားတွင် သုခိတာရာမ (ယဉ်ငေး)ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ သာသနာ ပြုဆရာတော် ဦးဣန္ဒကထံမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် တို့အမှူးပြုသော ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ပရိတ်တရားတော် များနာကြားခဲ့ကြပါသည်။ ထို့နောက် ဆရာတော် ဦးဣန္ဒကထံ မှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
အခမ်းအနားအပြီးတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူကြသည့် သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
