၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ ၀၉:၀၀ ချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ၄ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ၁၅ ဦး၊ ရုံးချုပ် ဌာနခွဲ ညွှန်ကြားရေးမှူး ၁၁ ဦး၊ စုစုပေါင်း ၃၁ ဦး တက်ရောက်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ Myanmar Companies Online (MyCO) စနစ်ဖြင့်  ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား လွယ်ကူအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အတည်ပြုမိန့် ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ အဆိုပြုလွှာတင်ပြမှုများနှင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ်တွင် ဆက်လက် လုပ်ဆောင်ရန် ကိစ္စရပ်များနှင့် တွေ့ကြုံရသော အခက်အခဲများကို ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ တင်ပြချက်များအပေါ် ပေါင်းစည်းညှိနှိုင်းပေးပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ကာ အစည်းအဝေးအား နေ့လည် ၁၅:၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။