
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (GIZ)တို့ ပူးပေါင်း၍ English Writing Guide Training နှင့် Public Relation Team Meeting တို့အား ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပခဲ့ပါသည်။
အဆိုပါworkshop ပထမပိုင်းတွင် Australia Volunteer for International Development မှ Mr Peeter Gill မှ English Writing Guide ခေါင်းစဉ်ဖြင့် ဆွေးနွေး ပို့ချခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင် အသုံးပြုသည့် Public Relation Product များအား Update ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါက်တာ မာလာမျိုးညွန့်နှင့် GIZ မှ Mr Simon Welte တို့ ဦးဆောင်ကာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ သင်တန်းတွင် ပို့ချသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ အရာထမ်းများနှင့် အမှုထမ်းများစုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ကြပါသည်။

