
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် CMP စနစ် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးရှိ PWR Fashion Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ရေးကာလတိုးမြှင့်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ပြည်တွင်း ပြည်ပ ဝန်ထမ်းများ ခန့်ထားမှုအခြေအနေ၊ စက်ပစ္စည်းတပ်ဆင်ထားမှုအခြေအနေ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိ စေရေး ဆောင်ရွက်ထားမှု အခြေအနေများကို ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။