INTERNATIONAL FINANCIAL REPORTING STANDARDS-IFRS AWARENESS WORKSHOP ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ International Financial Reporting Standards-IFRS ဆိုင်ရာ ဗဟုသုတရရှိစေရန်နှင့် လုပ်ငန်းခွင်တွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် PricewaterhouseCoopers Myanmar Co., Ltd-PwC ပံ့ပိုးကူညီမှုဖြင့် International Financial Reporting Standards-IFRS Awareness Workshop အား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဉီး၊ PricewaterhouseCoopers Myanmar Co., Ltdမှ Director ဖြစ်သူ Ms. Jessica Ei Ei San တို့မှ အဖွင့်မိန့်ခွန်း အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် PwC မှ ပညာရှင်များမှ Overview of IFRS, Challenges of IFRS Transition, Market insights from IFRS Adoption, Transition Roadmap and Corporate Governance Framework ခေါင်းစဉ်များနှင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီးပြည်နယ်ရုံးခွဲများမှ အရာထမ်းများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။