မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးသန့်စင်လွင်သည် မလေးရှားနိုင်ငံသံရုံးမှ Economic Counsellor ဖြစ်သူ Mr. Azahar Mohamed ဦးဆောင်သော မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အခြေအနေများနှင့်စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။