ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း လာရောက် ကြည့်ရှုစစ်ဆေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ ၃၀ နာရီတွင် လာရောက်ခဲ့ပြီး ကော်မတီရုံးမှ ဝန်ထမ်း များနှင့် ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Service ) မှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပါ သည်။

          ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာ တာဝန်ခံများမှ ဌာနတစ်ခုချင်း အလိုက် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းပေါင်းစပ် လမ်းညွှန်မှုပေးခဲ့ပါသည်။