
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပုသိမ်မြို့ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ (၁)၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦးတက်ရောက်ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ တင်ပြလာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)တို့အား အတည်ပြုပေးခဲ့ပါသည်။
အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ (၂.၀၆၈) သန်း နှင့် ကျပ် (၁၇၈၂.၀၀၀) သန်းရှိပြီး၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၁၂၇)ဦးဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။