လှိုင်ထိန်လင်းအောင်မိသားစုကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိ      အသေးစားနှင့် အလတ်စားစက်မှုဇုန်အတွင်း၌ အသားခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီသို့  အတည်ပြုလျှောက်ထားလွှာ တင်ပြလာသည့် လှိုင်ထိန်လင်းအောင်မိသားစုကုမ္ပဏီလီမိတက်၏ လုပ်ငန်းမြေနေရာသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းရာတွင် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအပေါ် ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။