မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Print Friendly, PDF & Email

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာဗဟိုကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် မလိခခန်းမ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝန်း၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဉက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်အပါအဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရာတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက် တိုင်းတာသတ်မှတ်နိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးနှင့် ဖက်စပ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး တို့ကိုဆွေးနွေးခဲ့ကြပါသည်။