“CITY-GLASS TECHNOLOGY CO., LTD.”သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် မှန်အမျိုးမျိုး ပြုပြင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော City-Glass Technology Co., Ltd. သို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ ထို့သို့သွားရောက်စဉ် စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှု အခြေအနေများအား စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။