“TRUST BUILDING IN THE WORKPLACE” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းခွင်အတွင်း အပြန်အလှန် ယုံကြည်မှုတန်ဖိုးနှင့် အရေးပါပုံကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်အား ဖိတ်ခေါ်၍ “Trust Building in the Workplace” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် အပါအဝင် ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောချက်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။