
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉) အပါအဝင် ရက် သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်းသည့် မီဒီယာများနှင့် တွေ့ဆုံမှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက်အလက် များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/ ၂၀၁၉) အားဖြန့်ဝေခဲ့ပါသည်။ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၆)ခုမှ သတင်းထောက် (၁၈)ဦး တက် ရောက်ခဲ့ပြီး သတင်း မှတ်တမ်း ရယူခဲ့ကြပါတယ်။

