
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ စီးပွားရေးမစ်ရှင် လာရောက်လျက်ရှိသည့် အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီမှ Senior Vice President and Regional Managing Director ဖြစ်သူ Mr. Michael W. Michalak ဦးဆောင်သော အမေရိကန်ထိပ်သီး ကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးသို့ လာရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E Mr. Scot Marciel၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှ ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံ၏ ထိပ်သီးကုမ္ပဏီ (၁၀) ခု၏ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ နည်းပညာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။