မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

          မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၁) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၁) ခုတို့ကို စိစစ်ဆွေးနွေး ခွင့်ပြုခဲ့ပါသည်။

          အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၊ အဖွဲ့ဝင်များဖြစ်သော မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် အခြားအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။