
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၀၆၆/၂၀၁၆)ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် – ၃၇ နှင့် ၄၁ ၊ မြေတိုင်းရပ်ကွက်အမှတ် (၁၄) ၊ ရွှေသံလွင် စက်မှုဇုန်၊ လှုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Saiform International Garment (Myanmar) Co., Ltd. သို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက် ပြီးစီးမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်းခန့်ထားမှု အခြေအနေ၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။