
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီမှ အကြံပေး Mr Takafumi Ueda နှင့် ဦးကျော်ဝင်းထွန်း ညွှန်ကြားရေးမှုး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲနှင့် အဖွဲ့ သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ (သောကြာ) နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်) ၌ တွေ့ဆုံ၍ Cost of Doing Business in Myanmar Survey Report 2018 စာအုပ်ထုတ်ဝေရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါ သည်။ Cost of Doing Business in Myanmar Survey Report 2018 ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမလေးလပတ် အစောပိုင်းတွင် ထုတ်ပြန်ရန် ခန့်မှန်းထားပါသည်။
Cost of Doing Business in Myanmar Survey Report 2017 အား ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပို ရေးရှင်းအေဂျင်စီမှ ပံ့ပိုး ကူညီမှု၊ Myanmar Survey Research မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
Cost of Doing Business in Myanmar Survey Report 2018 ထုတ်ပြန်သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဆောင်ရွက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် အလားအလာရှိသော လုပ်ငန်းများကို ပိုမို တိုးတက်စေရန် ဖြစ်ပါသည်။